
NAZA: လူမျိုးတုံးသတ်ဖြတ်ရေးစနစ်ကို လှစ်ဟာပြတဲ့ ပြတင်းတစ်ချပ်
ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၁၀) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ၂၀၂၆ ခုနှစ်အတွင်း လူပြောများနေတဲ့ မှတ်တမ်းရုပ်ရှင်သစ် NAZA ထဲက အစ္စရေးစစ်သား ၂၄ ဦးရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကနေတဆင့် ဂါဇာမှာ AI နဲ့ ပစ်မှတ်တွေ ရွေးချယ်ပုံ၊ အရပ်သားအသက်တွေကို ကိန်းဂဏန်းတစ်ခုအဖြစ် တွက်ချက်နေပုံနဲ့ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ သတိပြုရန်: ဒီအပိုင်းမှာ စစ်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားသေဆုံးမှုအကြောင်း ဆွေးနွေးထားတာကြောင့် နားဆင်သူအချို့အတွက် စိတ်ထိခိုက်စရာ ဖြစ်နိုင်ပါတယ်။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.org https://facebook.com/cinemaboulevardmm https://instagram.com/cinemaboulevardmm https://youtube.com/@cinemaboulevardmm (00:00) သတိပေးချက် (00:23) NAZA မှတ်တမ်းရုပ်ရှင် မိတ်ဆက် (03:29) "NAZA" စကားလုံးရဲ့ အဓိပ္ပာယ် (06:10) လူ့အသက်တွေကို ကိန်းဂဏန်းသဖွယ် သတ်မှတ်ပုံ (07:39) စစ်ဆင်ရေးအတွက် အသုံးပြုတဲ့ AI နည်းပညာအန္တရာယ် (10:30) AI က ခေတ်သစ် မန်ဟက်တန် ပရောဂျက်လား (14:03) သတင်းတွေအပေါ် လူတွေ ငြီးငွေ့လာမှုနဲ့ မှတ်တမ်းရုပ်ရှင်ရဲ့ အရေးပါမှု (17:37) မြန်မာနိုင်ငံ အခြေအနေနဲ့ နှိုင်းယှဉ်ချက် (18:36) နှုတ်ဆက်
Audio and video play straight from the show's own hosting. PodSubs stores and serves no media.

