
Possible Love: ချစ်ခြင်းမေတ္တာဟာ လူတန်းစားအလွှာကို ကျော်လွန်နိုင်ရဲ့လား
ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၉) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ၂၀၂၆ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု အော်စကာဝင်ရောက်ယှဥ်ပြိုင်မယ့် Possible Love ရုပ်ရှင်ထဲက လူတန်းစားအလွှာမတူတဲ့ စုံတွဲနှစ်တွဲရဲ့ ဘဝတွေ ပွတ်တိုက်မိတဲ့အခါ မြင်သာတဲ့ ပဋိပက္ခတွေမပါဘဲ ကွာဟချက်တွေ ပေါ်ပေါက်လာပုံနဲ့ အလွှာမတူတဲ့သူတွေကြားမှာ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာဟာ ဘာကြောင့် ရှားပါးပြီး ပျက်စီးလွယ်သလဲဆိုတာကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.org https://facebook.com/cinemaboulevardmm https://instagram.com/cinemaboulevardmm https://youtube.com/@cinemaboulevardmm (00:00) မိတ်ဆက် (01:26) ကြည့်ပြီးပြီးချင်းခံစားချက်နဲ့ လူတန်းစား သရုပ်ဖော်ပုံ (03:49) ဇာတ်ကောင်စုံတွဲ နှစ်တွဲ မိတ်ဆက် (05:32) နာရေးအခမ်းအနားကညွှန်ပြတဲ့ စုံတွဲနှစ်တွဲရဲ့ ကွာခြားတဲ့ဆက်ဆံရေး (08:48) အလုပ်သမား သပိတ်နဲ့ စိတ်ဒဏ်ရာ (12:02) မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရဲ့ လူမှုအဆင့်အတန်း (15:53) လက်တွေ့အလုပ်သမားဘဝ (20:11) မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှု စည်းဘောင်များနဲ့ အလွှာကွာဟချက် (24:50) မီအော့ရဲ့ အားကျမှုနဲ့ ဆန်းဝူအပေါ် အမြင် (28:45) လူတန်းစားအလွှာ ပွတ်တိုက်မှုနဲ့ သံသယများ (34:41) အပန်းဖြေအိမ်က ညွှန်ပြနေတဲ့ လူတန်းစားကွာဟချက် (38:46) စည်းကျော်လာတဲ့ မေးခွန်းများ (44:32) ဟိုဆော့ရဲ့ ပေါက်ကွဲသံနဲ့ ယယ်ဂျီရဲ့ ကင်မရာ (48:18) ငယ်ဘဝဇာတ်လမ်းများနှင့် အလွှာကွာခြားမှု အစစ်အမှန် (54:48) အလုပ်သမားသမဂ္ဂ မြင်ကွင်းနဲ့ အပေါ်ယံနားလည်မှုများ (59:45) ဝီစီ၊ ကိုယ်ပိုင်ကမ်းခြေနှင့် အာဏာအဆင့်အတန်း (01:06:05) တောထဲက မနက်ခင်းနဲ့ ပွင့်ထွက်သွားသော စိတ်ဒဏ်ရာ (01:09:53) ကမ်းခြေက ရေကူးခန်းနဲ့ မလွတ်လပ်သော အမှန်တရား (01:17:13) ဆန်းဝူရဲ့ မပြောင်းလဲတဲ့ စရိုက်နဲ့ အကျိုးဆက် (01:19:01) အိမ်ပြန်လမ်း၊ လမင်းကြီးနှင့် တည်ငြိမ်မှုရဲ့ အရေးပါပုံ (01:25:22) မေတ္တာတရားဟာ လူတန်းစားအလွှာကို ကျော်လွန်နိုင်သလား (01:33:01) နှုတ်ဆက်
Audio and video play straight from the show's own hosting. PodSubs stores and serves no media.

